http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

31 Mar 2012

ရုရှားတွင် ကျောင်းတက်လိုသူများ Racus နှင့် ဆက်သွယ်နိုင်


ရုရှားတွင် ကျောင်းတက်လိုသူများ Racus နှင့် ဆက်သွယ်နိုင်ရုရှား နိုင်ငံတွင် ပညာသင်ကြား လိုသူများသည် ရုရှား အစိုးရပိုင် တက္ကသိုလ်ကြီး ၃၀ ကျော်မှ ပူးပေါင်း ဖွဲ့စည်း ထားသည့် Racus အဖွဲ့အား ဆက် သွယ်နိုင်ရန် အတွက် မြန်မာပြည် ကိုယ်စားလှယ် အဖြစ် အသိအမှတ် ပြုထားသော ပညာရွှေအိုး ပညာရေး ဝန်ဆောင်မှု လုပ်ငန်းဖြင့် ဆက်သွယ်နိုင်သည်။
နိုင်ငံတကာတွင် ရုံးခွဲပေါင်း ၅၈ ရုံးရှိသည့် Racus အဖွဲ့မှတစ်ဆင့် ရုရှား နိုင်ငံ၏ အစိုးရ တက္ကသိုလ် များတွင် သင်ကြားပေးလျက် ရှိသော ဆေးဘက် ဆိုင်ရာ၊ စီးပွားရေး ဆိုင်ရာ၊ အင်ဂျင်နီ ယာနှင့် နည်းပညာ ဆိုင်ရာ၊ The Humanities and Classic ကျွမ်းကျင် မှုဆိုင်ရာစသည့် ဘာသာရပ်များတွင် ပါဝင်သည့် အသေးစိတ် ပိုမိုသင်ကြား နိုင်သော ဘာသာရပ်ခွဲပေါင်းများစွာ သင်ကြားနိုင်သည်။
ရုရှားနိုင်ငံမှ ပညာသင်ဘွဲ့ ရရှိပါက ဘွဲ့၏ ဥရောပ နောက်ဆက်တွဲ (European Appendix) ကို တောင်းခံနိုင်သဖြင့် အဆင့်မြင့် ပညာရေးအ ထောက် အထားများ အပြန်အလှန် အသိအမှတ်ပြုရေး ဘိုလိုနာစာချုပ်ဝင် ဥရောပ ၄၇ နိုင်ငံများမှ ဘွဲ့နှင့်ညီ ကြောင်း အသိအမှတ်ပြုမည်ဖြစ်ရာ အလုပ်အကိုင် အခွင့်အလမ်းပိုမိုရရှိနိုင် ကြောင်း သိရသည်။
ကျောင်းလျှောက်လွှာများကို မတ် ၁ရက်မှ အောက်တိုဘာ ၁ ရက်အတွင်း သတ်မှတ်ထားသော် လည်း ကျောင်းခေါ်စာရရှိရန်အတွက် တစ်လခွဲခန့် ကြာမြင့်မည်ကို သတိပြု ရမည်ဖြစ်သည်။ အသေးစိတ် သိလိုပါက ဖုန်းနံပါတ် - ဝ၉၇၃၁၀ဝ၁၄၄ နှင့် Information@pyinnyashway-o.com တွင် ဆက်သွယ်နိုင်သည။်   http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif