http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

31 Mar 2012

အင်တာနက် မြန်နှုန်း၏ ထက်ဝက်ကို Sea Games အတွက် ခွဲဝေသုံးစွဲမည်


အင်တာနက် မြန်နှုန်း၏ ထက်ဝက်ကို Sea Games အတွက် ခွဲဝေသုံးစွဲမည်မြန်မာ တစ်နိုင်ငံ လုံး၏ လက်ရှိ အင်တာနက် ဝန်ဆောင်မှု လိုင်းဆွဲအား 20 G ထဲမှ ထက်ဝက် ဖြစ်သော 10 G ကို မြန်မာအိမ်ရှင် အဖြစ် ကျင်းပမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်း အတွက် ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ထက်ဝက်ခွဲပေးခြင်း မှာ မြန်မာနိုင်ငံသို့ ဆီးဂိမ်းအတွက် လာရောက်မည့် နိုင်ငံတကာမှ မီဒီ ယာများ၊ အလည်အပတ်လာရောက် ကြည့်ရှုသူများ၊ အားကစား သမားအတွက် မြန်နှုန်းမြင့် အင်တာနက် ရရှိစေရန်နှင့် သတင်း အချက်အလက်များ အနေဖြင့် တစ်ပြေးညီ တင်ပို့နိုင်စေ ရန် ဖြစ်ကြောင်း သိရသည်။
" လက်ရှိ သုံးစွဲနေမှုရဲ့ ထက်ဝက်ပေးမယ်ဆို တာက ဆက်သွယ်ရေး ဘက်က စီစဉ် ပေးတာပါ။ လောလောဆယ်မှာ အင် တာနက်လိုင်းတွေ ဝန်ဆောင်မှု နှေး နေတယ်ဆိုပေမယ့် အားလုံးအဆင် ပြေသွားအောင် ပြင်ဆင်နေတယ်လို့ သိရပါတယ် "ဟု အားကစားဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့် ဆန်းက ပြောကြားသည်။
နိုင်ငံတကာမှ လာရောက်သော ဆီဂိမ်းဧည့် သည်များအနေဖြင့် အင်တာနက် ဝန် ဆောင်မှု မြန်နှုန်းမြင့်မရှိခြင်း သို့မ ဟုတ် လိုင်းမကောင်းခြင်းများ တွေ့ရ ပါက နိုင်ငံတကာအလယ်တွင် အရှက် ကွဲရဖွယ် ရှိနေသည့်အတွက် အိမ်ရှင် ကောင်း ပီသရန်ပြင်ဆင်နေကြခြင်းဖြစ် သည်ဟု သိရသည်။
" ပေါင်းစပ်အစည်းအဝေးတွေ မှာတော့ ဒီကိစ္စကို သေချာဆွေးနွေး နေပါတယ်။ အင်တာနက်ကိစ္စအတွက် မပူကြပါနဲ့ အဆင်ပြေအောင် သူတို့ လုပ်ပေးသွားပါလိမ့်မယ် " ဟု ပြည် ထောင်စုဝန်ကြီးက နှစ်သိမ့်ပြောကြား သည်။
ယင်းကဲ့သို့ အလားတူဖြစ်စဉ် မျိုးကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအ တွင်းကလည်း မဟာမဲခေါင်ခရီးသွား လုပ်ငန်းဆွေးနွေးပွဲ ပုဂံယဉ်ကျေးမှုဒေ သတွင် ကျင်းပခဲ့စဉ် ပွဲကျင်းပရာနေရာ မှ အင်တာနက်လိုင်းများ အံ့မခန်းဖြစ် အောင် မြန်ဆန်လွန်းနေပြီး ပြည်တွင်း မီဒီယာသမားများအနေဖြင့် ယင်းအ အခြေအနေမျိုးကို အထူးအံ့ဩမိခဲ့ရ သည်ဟု ပွဲတက်ရောက်ခဲ့သူများက အတွေ့အကြုံများကို ပြောကြားထား ဖူးသည်။   http://www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif