http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

3 Apr 2012

၁ဝ နှစ်ပြည့် Big Bag အပြင် နောက်ထပ်ကိုယ်ပွားတီးဝိုင်း တစ်ခုကိုပါ ဖန်တီးလိုက်တဲ့ ဟန်ထူးလွင် (ကျားပေါက်) နှင့် တွေ့ဆုံခြင်း

‘အားလုံးအတွက်ပန့်ခ်’ ဆိုသည့် ပွဲဦးထွက် အယ် ဘမ်ဖြင့် လူငယ်ပရိသတ်ကို ဖမ်းစားနိုင်ခဲ့သော Big Bag အဖွဲ့ဟာ ၂ဝ၁၁ခုနှစ်ထဲဝယ် ၁ဝ နှစ်ပြည့်ခဲ့ပြီးဖြစ်ပါသည်။ ၁-၁၁ ဆိုတဲ့စီးရီးကိုလည်း ၁ဝနှစ်ပြည့် အထိမ်းအမှတ် အနေဖြင့် ထွက်ရှိခဲ့ပါသေးသည်။ ယင်းနောက်မှာ Big Bagအဖွဲ့က နောက်ထပ်လုပ်ချင်သည့် ဂီတပုံစံတစ်မျိုး ကို နောက်ထပ်တီးဝိုင်း တစ်ခုအသွင်ဖန်တီးပြီး Blood- sugar Politik  ဟူသောနာမည်ဖြင့် သီချင်းတွေဖန်တီးနေ ကြောင်း သိရပြန်သည်။ သို့ဖြင့် Big Bag အဖွဲ့က ပင်တိုင်အဆိုရှင် ကျားပေါက်နှင့်တွေ့ဆုံကာ လက်ရှိဖြစ် ပျက်နေသည့် Big Bag အကြောင်းနှင့် ကျားပေါက်၏ အတွေးတွေကို သိရဖို့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။
မေး- Big Bag အနေနဲ့ Blood- sugar Politik  ကို ဘယ်လိုလုပ်ဖြစ်ခဲ့တာလဲ။ အဲဒါက Big Bag ရဲ့ နောက် ထပ်ကိုယ်ပွားတစ်ခုလား။
ဖြေ- ကျွန်တော်တို့အားလုံးမှာက နောက်ထပ် တစ်ခု ကိုလုပ်ချင်နေတဲ့အာသီသရှိနေပြီ။ Big Bag ဂီတဟာ ဆယ်နှစ်သားအပြီးမှာ အထိုင်ကျသွားပြီ။ တအားကြီး ပြောင်းလဲလို့၊ လွှဲလို့၊ ဖြုတ်လို့၊ တပ်လို့ တအားကြီး လုပ်လို့ မရတော့ဘူး။ ကျွန်တော်တို့မှာက Music  နဲ့ပတ်သက်ပြီး တခြားလုပ်ချင်တာတွေ ရှိ သေးတယ်။ ကျွန်တော် ကလည်း ဒီလေးယောက်လုံးနဲ့ မလုပ်ဘဲအပြင်မှာ ကိုယ့်ဟာကိုယ်ထွက်ပြီးလည်း မလုပ်ချင်ဘူး။ ဒီလူတွေနဲ့ကလည်း တစ်ယောက်အကြောင်း တစ်ယောက်သိနေပြီ။ ပြီးတော့ သူတို့ ကိုယ်တိုင်ကလည်း Big Bag အပြင် တခြားတစ်ခုကို စမ်းသပ်ချင်နေပြီ။ အဲဒါနဲ့ပဲ ကျွန်တော်တို့ Big Bag ကိုကိုယ်စားပြုတဲ့ နောက်ထပ် Side Project  တစ်ခု လုပ်ကြမယ်ဆိုပြီး လုပ်ကြတာပဲပေါ့။ Bloodsugar Politik  ရီကောဒင်းတီးတဲ့အချိန်ဆို လုံးဝ Big Bag အကြောင်းမပြောဘူး။ Big Bagလိုမျိုး သီချင်းတိုက်တာ လည်း မဟုတ်ဘူး။ သီချင်းဆိုလည်း အားလုံးစုပေါင်းပြီး ကိုယ့်စိတ်ကြိုက် Tune နဲ့လုပ်ကြတယ်။ အဲဒါကို အခု အပြင်းအထန်လုပ်နေတယ်။ ဆင်ဆာတွေဘာတွေ ကျရင် တော့ သင်္ကြန်အပြီးမှာ ထွက်ဖြစ်မယ်။
မေး-Big Bag တီးဝိုင်းမှာ ဂစ်တာသမား ကိုတိုး မရှိတော့ဘူးလို့ သိရတယ်။ အဲဒီနေ ရာမှာ အခုဘယ် သူဝင်တီးနေလဲ။ အခုတီးနေတဲ့သူကရော မန်ဘာဝင် အဖြစ်နဲ့ တီးတာလား။
ဖြေ- Ice Cream တီးဝိုင်းက ရန်အောင်တီးနေတယ်။ မန်ဘာပါပဲ။ ကျွန်တော်တို့က ခေါ်ရင် အားလုံးကို မန်ဘာ အနေနဲ့ပဲ ခေါ်တာပါ။ Ice Cream မှာ သူဆက်တီး တာ၊ မတီးတာကတော့ သူ့ကိစ္စပါ။ ကျွန်တော်တို့ဆီမှာ တော့ ခုချိန်မှာသူက Guitarlistပဲ။ ကိုတိုးကတော့ ကျွန်တော်တို့နဲ့ အလုပ်မလုပ်ဖြစ်တော့ဘူးပေါ့။
မေး- အစ်ကိုအရင်တုန်းက အင်္ဂလန်မှာ အခွေကိစ္စ လုပ်နေတယ်။ အဲဒါကကော ဘယ်လိုဖြစ်သွားပြီလဲ။ အဲဒီဟာလုပ်တုန်း ကကောWorld  Wide ဖြန့်ဖို့ အတွက် ရည်ရွယ်ပြီး လုပ်ခဲ့တာလား
ရဲရဲ
(ဆက်လက်ဖော်ပြပါမည်)

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif