http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

6 Apr 2012

ရန်ကုန် ရေကစား မဏ္ဍပ် လက်မှတ်များ ကျပ် တစ်သိန်းကျော် ဈေးပေါက်

ရန်ကုန် မြို့တော် အနှံ့တွင် တည်ဆောက် ခွင့်ရသည့် ရေကစား မဏ္ဍပ် များ၏ လက်မှတ်များ စတင်ရောင်းချနေပြီ ဖြစ်ပြီး နာမည်ကျော် အဆိုတော်များ လာရောက် ရေကစား ရန်ရှိသည့် မဏ္ဍပ် အချို့သည် လက်မှတ် များကျပ် တစ်သိန်းကျော် ဈေးပေါက် နေကြောင်း နှစ်စဉ်ဆောက်လုပ်သည့် နာမည်ကြီး မဏ္ဍပ်များ ထံမှ စုံစမ်း သိရှိ ရသည်။
လူသိများသည့် မဏ္ဍပ် တစ်ခုဖြစ်သော 69.4 မှာ ကန်တော်ကြီး ကန်ပတ်လမ်း တွင် တည်ဆောက်လျက် ရှိပြီး ယခုနှစ် အတွက် ငါးရက်လုံး စာကို လေးသောင်းကျပ်၊ အကျ တစ်ရက်လျှင် ၁၂၀၀၀၀၊ အကြတ် ရက်များတွင် ၁၅၀၀၀၊ အတက် ရက်ကို ၂၀၀၀၀ ကျပ်ဖြင့် ရောင်းချ နေကြောင်း၊ ၎င်းတို့ မဏ္ဍပ်တွင် ဂျောက်ဂျက်၊ ကျော်ထွဋ်ဆွေ၊ နန်းသူဇာ အစရှိသည့် ဟစ်ဟော့ အဆိုတော်များ ရှိမည် ဖြစ်ကြောင်း မဏ္ဍပ်နေရာတွင် လက်မှတ် များရောင်းချ နေသည့် 69.4 မဏ္ဍပ်စီစဉ် တည်ဆောက်သူ အဆိုတော် SZ ထံမှ သိရသည်။ အစား အသောက်များ ကောင်းသည်ဟု နာမည်ကြီးသည့် Channel V တွင် ငါးရက်လုံးစာကို ၅၉၀၀၀ အကျ၊ အကြတ် ရက်များအတွက် ၃၅၀၀၀ နှင့် နောက်ဆုံး နှစ်ရက်အတွက် ၃၉၀၀၀ ဖြင့်လည်းကောင်း၊ Round Pointer တွင် ငါးရက်လုံးစာ ၄၅၀၀၀ ဖြင့်လည်းကောင်း မဏ္ဍပ်တစ်ခုစီက ဈေးအမျိုးမျိုးဖြင့် ရောင်းချနေကြပြီ ဖြစ်ကြောင်း ၊ လက်မှတ် ၁၀စောင် ၀ယ်လျှင် တစ်စောင် လက်ဆောင် ပေးကြောင်း ယင်းမဏ္ဍပ် များထံမှ သိရသည်။ အဆိုပါ မဏ္ဍပ်များတွင် လုံခြုံရေး အဖြစ် CCTV ကင်မရာ များတပ်ဆင်ခြင်း၊ ပို့ဆောင်ရေး အတွက် ကားအကြို၊ အပို့ စီစဉ် ပေးထား ကြောင်း ၎င်းတို့က ပြောကြား သည်။
" X20 ကထိုင်နေကျ ဆိုတော့ အဲဒီမှာထိုင်ဖြစ်ဖို့ များတယ်၊ သူငယ်ချင်း တွေနဲ့ တိုင်ပင် ရဦးမယ်" ဟု အသက်၂၀ကျော်အရွယ် ရန်ကုန်မြို့နေ ကုမဏီ ၀န်ထမ်း တစ်ဦးက ပြောကြားသည်။ ယခုနှစ် သင်္ကြန်ပွဲတော် အတွက် ရန်ကုန်မြို့တွင် ရေကစား မဏ္ဍပ် ၄၄ခု ဆောက်ခွင့် ပြုထားပြီး ကန်တော်ကြီး ကန်ပါတ်လမ်း တွင် နေရာ ၂၀၊ ဆရာစံလမ်း တွင် ၃နေရာ၊ စက်မှု ၁ လမ်းတွင် ၂ နေရာ၊ ကမ္ဘာအေး ဘုရားလမ်း တွင် ၉ နေရာ၊ ပြည်လမ်း တွင် ၄နေရာ၊ ဗိုလ်ချုပ် အောင်ဆန်း လမ်းတွင် ၁နေရာ၊ အလုံလမ်း တွင် ၃ နေရာနှင့် ပါရမီလမ်းတွင် ၂နေရာတို့ ဖြစ်ကြ ကြောင်း နိုင်ငံပိုင် သတင်းစာတွင် ဧပြီ ၂ ရက်နေ့က ထုတ်ပြန် ကြေညာ ထားသည်။

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif