http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

6 Apr 2012

မူးယစ်ဆေးဝါးရဲ့ သားကောင်အဖြစ် ကြွေလွင့် သွားရတဲ့ ငွေကြယ် တစ်ပွင့်

မူးယစ်ဆေးဝါးဟာ လူသားတွေအတွက် ဆိုးကျိုး ကိုသာ ပေးနိုင်တယ် ဆိုတာ ကို ကမ္ဘာ့မှတ်တမ်းမှာ ဆုအများဆုံး ရသူအဖြစ် မှတ်တမ်းတင်ခံရတဲ့ အမေရိကန် သရုပ်ဆောင်တစ်ဖြစ်လဲ ပေါ့ပ်ဂီတဘုရင်မ ဝှစ်နီဟူစတန် ဆိုတဲ့ ငွေကြယ်တစ်ပွင့် ကြွေလွင့်သွားမှုက သက်သေပြလိုက်ပါပြီ။
အကယ်ဒမီ ဆုများပိုင်ရှင် ဟူစတန်ဟာ သူမကိုယ်တိုင် အမြတ်တနိုး တန်ဖိုးထားပြီး စီစဉ်ခဲ့ရတဲ့ ဂရမ်မီဆုပေးပွဲ မဆင်နွှဲခင် တစ်ညအလိုမှာ သူမတည်းခိုရာ ဟော်တယ်မှာ ထူးခြားဆန်းပြားစွာ သေဆုံးသွားပါတယ်။ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသူတွေရဲ့ ပြောပြချက်တွေအရ ရေချိုးခန်းထဲမှာ သူမရဲ့ ရုပ်ကလပ်ဟာ ရေပေါ်မှာ ပေါ်တစ်ဝက်၊ ရေအောက်မှာ နစ်တစ်ဝက် ဖြစ်နေတာလို့ ဆိုပါတယ်။ သူမပရိသတ်တွေ ဆိုရင် ဟူစတန်ကို မနာလိုသူတွေကများ ဆေးကျွေး သတ်လိုက်လေသလားလို့ ဂရုဏာဒေါသ ဖြစ်နေကြပြီး၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ဆက်စပ်သူ မှန်သမျှကို အပြစ်ဖို့နေကြပါပြီ။ ဟူစတန်ရဲ့ အသုဘမှာတောင်မှ သတင်းတွေ အလုအယက်ယူနေတဲ့ စာနယ်ဇင်းသမားတွေနဲ့ သူ့ပရိသတ်တွေကြားမှာ အချင်းများပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွား ပါသေးတယ်။ လော့အိန်ဂျလိစ်မြို့တော်က သေမှုသေခင်း စစ်ဆေးရေးအရာရှိရဲ့ သုံးသပ်ချက် အရ ရေချိုးကန် ထဲမှာရှိတဲ့ ရေက သေရလောက်အောင် မပြောပလောက်သလို သေဆုံးရတဲ့ အကြောင်းရင်းကို လေ့လာလိုက်တဲ့ အခါမှာ လည်း သွေးရိုးသား ရိုးသာဆိုရင် သေဆုံးနိုင် စရာ မရှိဘူးလို့ ဆိုပါတယ်။
တကယ်တော့ ဟူစတန် သေဆုံးရတာဟာ ဆေးအလွန်အကျွံ သုံးစွဲမိရာက မူးယစ်ဆေးနွံမှာ ကျွံကျ သွားပြီး၊ ရေကန်လေး ထဲက ခေါင်းထောင် မထနိုင်တော့ဘဲ သေပန်းပွင့်ချိန် မတိုင်ခင်မှာ မြေခကြွေကြခဲ့ ရတာလို့ ဆိုပါတယ်။ ခန္ဓာကိုယ် အဆိပ်သင့်မှုများ ဖြစ်ခဲ့လေသလားလို့ ဆရာဝန်တွေက လေ့လာ ကြည့်လိုက်ကြချိန်မှာ သူမကိုယ်ထဲမှာ စိတ်ဖိစီးမှုတွေ ပြေပျောက်စေနိုင်တယ်လို့ သတင်းကြီးနေတဲ့ လူ့ခန္ဓာကိုယ်နဲ့ လားလားမှ မအပ်စပ်သင့်တဲ့ ဆေးဝါးတွေက ဓာတ်မတည့်မှုတွေ ဖြစ်နေတာကို သိလိုက်ရပါတယ်။
သူ့အခန်းမှာလည်း မိုက်ကယ်ဂျက်ဆင် မသေခင်တုန်းက သုံးသွားခဲ့တဲ့ ဆေးဝါးအမျိုးအစားပေါင်း ဒါဇင်ဝက်လောက် တွေ့လိုက်ရတာကြောင့် ဟူစတန်သေရတာဟာ မူးယစ်ဆေးနဲ့ ပတ်သက်နေတာ ထင်ရှားသွားပါတယ်။ သူမကိုချစ်တဲ့ ဆွေမျိုး၊ မိတ်သင်္ဂဟတွေနဲ့၊ ပရိသတ်တွေက သူမကို ပြန်ရှင်လာအောင် အမျိုးမျိုး ကြိုးစားခဲ့ကြပေမယ့် မူးယစ်ဆေးဝါးရဲ့ သားကောင်ဖြစ်သွားတဲ့ ငွေကြယ်ပွင့်လေးက နောက်ထပ် ဘယ်လိုမှ မလင်းလက်၊ မတောက်ပနိုင်တော့ပါဘူး။

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif