လီဗာပူးလ် တိုက်စစ်မှူး ကာရိုးမှာ အသင်းမှ ထွက်ခွာရန်စီစဉ်နေကြောင်း the Sunday Mirriorသတင်းစာ၏ ဖော်ပြချက် အရသိရသည်။ လီဗာပူးလ် အသင်းသို့ ပေါင် (၃၅)သန်းဖြင့် ပြောင်းရွှေ့ရောက်ရှိလာခဲ့သည့် ကာရိုးမှာ (၁၈) လအတွင်း (၆) ဂိုးသာသွင်းယူထားနိုင် ခဲ့သူ ဖြစ်ပြီး ပုံမှန်ခြေစွမ်းရရှိရန် ကြိုးပမ်း နေရသူ ဖြစ်သည်။ မြင့်မားသော ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် ရောက်ရှိလာခဲ့သည့် ကာရိုးမှာ မျှော်မှန်းထား သလို ခြေစွမ်း ပြသနိုင်ခြင်း မရှိပဲ ဒဲလ်ဂလစ်ရှ်၏ စိတ်ရှည်မှု ကုန်ဆုံးခဲ့ပြီ ဖြစ်ကာ ရောင်းထုတ်ရန် စီစဉ်နေကြောင်း အသင်းနှင့် နီးစပ်သူများမှ ပြောဆိုခဲ့ကြသည်။ “ကာရိုးရဲ့ ခြေစွမ်းကို ပြန်ကောင်းအောင်လုပ်ဖို့ ကင်နီမှာ နည်းလမ်း မရှိတော့ပါဘူး။ ကင်နီဟာ သူ့ဝန်ထမ်းတွေနဲ့ အဆင်ပြေတဲ့ သူပါ။ ဒါပေမယ့် ဒီမှာရှိတဲ့ လူတော်တော် များများက ကာရိုးလို ကစားသမားမျိုးက အသင်း အနာဂတ်မှာ မပါဘူးလို့ ထင်နေကြပါတယ်”ဟုအသင်းနှင့် နီးစပ်သူတစ်ဦးမှ ပြောဆိုခဲ့သည်။
www.yoyarlay.com
0 comments:
Post a Comment