ဈေးကွက် အတွင်း ရောင်းချ လျက်ရှိသည့် Nokia တံဆိပ် ဟန်းဆက် များနှင့် i-mobile တံဆိပ် ဟန်းဆက် များကို ပြည်တွင်း တွင် မြန်မာ ဘာသာ စကားဖြင့် လွယ်ကူ အဆင်ပြေစွာ အသုံးပြုနိုင် ရန်အတွက် နောက်ပိုင်း ထုတ်လုပ်မည့် ဟန်းဆက် များတွင် မြန်မာစာ ဖောင့်ကို ထည့်သွင်း အသုံးပြုမည် ဖြစ်ကြောင်း ယခုလ ၄ရက်နေ့ က ဆီဒိုးနား ဟိုတယ်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
Nokia အမှတ် တံဆိပ်မိုဘိုင်း ဖုန်းများကို ပြည်တွင်းတွင် ရောင်း ချသော MobiTel Distribution စာနယ်ဇင်း ရှင်းလင်းပွဲတွင် တာ ဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။ ထို့အပြင် မိုဘိုင်းဖုန်းများတွင် အသုံးများ သော Application များကို မြန်မာစာဖောင့်ဖြင့် အသုံး ပြုနိုင်ရန် အတွက် ပြုလုပ် ပေးသွား မည်ဖြစ်သည်။
၎င်းအပြင် Nokia မှ ယခု ထုတ်လုပ် ရောင်းချ နေသော Nokia ဟန်းဆက် များအပြင် OS ဖုန်းများကိုလည်း ထုတ်လုပ်ရောင်း ချသွားမည် ဖြစ်ကြောင်း အဆိုပါ စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြော ကြားခဲ့ကြောင်း သိရသည်။
နောက်ပိုင်းထွက်ရှိမည့် Nokia နှင့် i-mobile ဟန်းဆက်များတွင် အဆိုပါ မြန်မာစာ ဖောင့်ကို ထည့်သွင်းပေးသွား မည်ဖြစ်ကြောင်း သိရသည်။ Nokia မှ ထုတ်လုပ်ရောင်း ချသည့် Nokia ဟန်းဆက်များမှာ 3G GSM ဖုန်းများကိုသာ အဓိ ကထုတ်လုပ်သည်။
CDMA 800 MHz ဟန်းဆက် အမျိုးအစားကို အနည်းငယ်မျှသာ ထုတ်လုပ် ရောင်းချပြီး CDMA 450 MHz ဟန်းဆက် အမျိုးအစား များကို ထုတ်လုပ် ရောင်း ချခြင်းမရှိကြောင်း သိရသည်။ Nokia မှထုတ်လုပ်ရောင်း ချသည့် ဟန်းဆက် များကို ဝယ်ယူ သူများကို Nokia Full Warranty တစ်နှစ် ပေးထားကြောင်း သိရသည်။
စင်ကာပူ၊ ဒူဘိုင်း၊ ဟောင် ကောင်နိုင်ငံများမှ တစ်ဆင့်ဈေး ကွက် အတွင်းသို့ ရောက်ရှိ လာသော Export Set ဟန်းဆက်များ မှာWarranty မပါရှိဘဲ တင်သွင်း ရောင်းချသော ဒေသပေါ် မူတည်၍ Keypad တွင် ပါသော စာသားနှင့် ဘာသာစကားများ ကွဲပြားပြီး အချို့ ဟန်းဆက်များတွင်သာ Nokia Original accessories များ ပါရှိပြီး အများစုမှာ ဘက်ထရီ Charger နှင့် Memory ကဒ် အစရှိသော မူရင်း Original accessories မပါရှိကြောင်း သိရ သည်။
www.yoyarlay.com
0 comments:
Post a Comment