ဒေါ်အောင်ဆန်းစုကြည် ဧပြီလ ၂၃ ရက်နေ့ ကျင်းပမည့် လွှတ်တော် အစည်းအဝေး မတက်ရောက်ခြင်းမှာ လွှတ်တော်ကို သပိတ်မှောက်ခြင်း မြန်မာ့ မဟုတ်ဘဲ လွှတ်တော် တက်ရမည့် အချိန်ကို စောင့်ဆိုင်းလျက် ရှိကြောင်း ဧပြီလ ၂၂ ရက်နေ့တွင် သတင်း မီဒီယာများသို့ ထုတ်ဖော် ပြောကြားသည်။လွှတ်တော် ကိုယ်စားလှယ် ကျမ်းကျိန်လွှာတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက် ပါမည် ဆိုသော စာသားအစား လေးစား လိုက်နာပါမည် ဆိုသော စာသား ပြင်ဆင်ပေး ရေး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က တောင်းဆို ထားသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ် ဝင်းကမှု ကျန်းကျိန်လွှာ စကားရပ် ပြင်ဆင်ပေးရေး ကိစ္စ ပြေလည်အောင် ကြိုးပမ်းသွားမည်ဖြစ်ပြီး အဆင်မပြေ သေးပါက လွှတ်တော် တက်သေးမည် မဟုတ်ကြောင်း ပြောဆိုသည်။ဧပြီလ ၂၃ ရက်နေ့ ကျင်းပသည့် လွှတ်တော် အစည်းအဝေး များသို့ ဒေါ်အောင်ဆန်း စုကြည် အပါအဝင် NLD လွှတ်တော် ကိုယ်စားလှယ်များတက်ရောက်ခြင်း မရှိကြောင်း သက်ဆိုင်ရာမှ စုံစမ်း သိရှိရသည်။
www.yoyarlay.com






Kuala Lumpur Time
0 comments:
Post a Comment