http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

12 May 2012

ဦး သန့် အုတ် ဂူပြုပြင် ထား သည် ကို မြင် ရ ၍ ဘန် ကီ မွန်း ဝမ်း သာ စကား ဆို

ဦးသန့် အုတ်ဂူပြုပြင် ထားသည်ကို မြင်ရ၍ ဘန်ကီမွန်း ဝမ်းသာ စကားဆိုမြန်မာနိုင်ငံသို့ အလည်အပတ် လာရောက်သော မစ္စတာဘန်ကီ မွန်းက ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ဟောင်းဦးသန့်၏ ဂူဗိမာန်ပြုပြင်ထား သည်ကိုတွေ့ရှိရသည့်အတွက် ဝမ်းသာကြောင်းပြောကြားခဲ့သည် ဟု ဒေါက်တာ သန့်မြင့်ဦး (ဦးသန့် ၏မြေးဖြစ်သူ) ၏ ပြောပြချက်အရ သိရှိရသည်။ "သူ (ဦးသန့်)ကို အထူးအ လေးထားတယ်၊ အာရှပထမဆုံး အတွင်းရေးမှူးချုပ်ဆိုတော့ သူ့ရဲ့ပြောတာဆိုတာတွေကို စဉ်းစား ပါတယ်တဲ့၊ အရင်တစ်ခေါက် (၂၀ဝ၈ခုနှစ်)လာတုန်းက ပျက်စီး တယ်လို့တော့ မဟုတ်ဖူးပေါ့လေ၊ အခုလို မပြုပြင် ထား ဘူး၊ ခုပြုပြင် ထားတာတွေ့ရတဲ့အတွက် သူလည်း အများကြီး ဝမ်းသာတယ်ဆို တဲ့အကြောင်း ပြောသွားပါတယ်" ဟု ဒေါက်တာသန့်မြင့်ဦးက ပြောသည်။
ကုလသမဂ္ဂအတွင်းရေးမှ ချုပ် ဘန်ကီမွန်းသည် ဧပြီလ ၂၉ ရက် ညနေ ၃ နာရီ မိနစ် ၅၀ ဝန်းကျင်တွင် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂအတွင်းရေး မှူးချုပ်ဟောင်း ဦးသန့်၏ ဂူဗိမာန်သို့ လာရောက် ဂါရဝပြုခဲ့သည်။ ၎င်းအား ဦးသန့်၏ သမီးဒေါ်အေးအေးသန့်၊ ခင်ပွန်းဒေါက်တာတင်မြင့် ဦး၊မြေးဖြစ်သူဒေါက်တာ သန့်မြင့် ဦးနှင့် မိသားစုဝင်များက ကြိုဆိုခဲ့သည်။ ထို့နောက် မစ္စတာ ဘန်ကီ မွန်းက အာရှတိုက်၏ ပထမဆုံး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဖြစ်သော ဦးသန့် ၏ ဂူဗိ မာန်၌ ဂုဏ်ပြုပန်းခြင်းချ၍ ဂါရဝပြုပြီး ငြိမ်းချမ်းရေးဖယောင်းတိုင်ကို ထွန်းညှိပေးခဲ့သည်။ ကိုရီးယားနိုင်ငံသား ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သည် ဦးသန့် ၏ မိသားစုဝင်များနှင့် နှုတ်ဆက် ခြင်း၊ ဂါရဝပြုခြင်း၊ ဗိမာန်အတွင်း လှည့်လည် ကြည့်ရှုခြင်း တို့ကို ၁၅ မိနစ်ခန့်ပြု လုပ်ပြီး လာရောက် ကြည့်ရှုသော ပရိသတ် များကို နှုတ်ဆက်ကာ ပြန်လည်ထွက်ခွာ သွားခဲ့သည်။
"အန်တီတို့က အရင်တုန်းက လာတုန်းက တစ်လလောက်ပဲ နေတယ်လေ။ အချိန်လည်း မရဘူး ၊ပြင်ဖို့ရာ အခုတော့ အချိန်တွေ ကလည်း ရှိလာတယ်၊ ရလာ တယ် ဆိုတော့ အန်တီတို့မိတ်ဆွေတွေ ရဲ့ အကူအညီတွေနဲ့ပေါ့လေ။ အခုလို ပြုပြင်ထားတာပါ"ဟု ဒေါ်အေးအေးသန့်ကပြောသည်။ ဦးသန့်၏ ဗိမာန်အား လွန်ခဲ့သည့် တစ်လခန့်မှ စတင်၍ပြင်ဆင်ခဲ့ကြောင်း၊ ဆက်လက်ပြင်စရာများစွာ ရှိသေးကြောင်း ၊ နောက်ပိုင်းတွင် ဓာတ်ပုံများ၊ ဦးသန့်ပြောခဲ့ သည့် စကား လုံး များလူအများဖတ်ရှု သုံးသပ်နိုင်ရန် ပြုလုပ်သွားရန် အစီအစဉ်ရှိကြောင်း၊ ယခုအချိန်ထိ ကျပ်သိန်းသုံးလေးဆယ်ခန့် ကုန်ကျထား ပြီဖြစ်ကြောင်း ၎င်း က ပြော သည်။ "ဘယ်လိုပဲဖြစ်ဖြစ်လဲ ကူ ညီလို့ရပါတယ်" ဟုဒေါ်အေးအေး သန့်က ဆက်လက်ပြောသည်။
www.yoyarlay.com

1 comments:

  1. မှတ်သားသွားပါတယ်ဗျာ....:)

    ReplyDelete

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif