HOME (House of Media & Entertainment) က ထုတ်ဝေဖို့ ရှိတဲ့ Motion မဂ္ဂဇင်း အခွေနဲ့ ပတ်သက်ပြီး ဇာဂနာက”အရင်တုန်းက Docume-ntaryတို့၊ Short Film တို့ကို ပြိုင်ပွဲအနေနဲ့ Art of Freedomပြိုင်ပွဲလေး ကျင်းပခဲ့တယ်။ အဲဒီမှာပါဝင်တဲ့သူတွေကို ဂျာမနီကဆရာတွေနဲ့ သင်တန်းပေးခဲ့တယ်။အဲဒါနဲ့ တစ်လ တစ်ခါလောက် Documentary တွလုပ်စေချင်တယ်။ ဒါမှလည်း အရှိန်မြင့် လာမှာလေ။ ပရိသတ်လည်း လက်ခံလာမယ်ဆိုပြီး အားလုံး တိုင်ပင်ပြီး စီစဉ်ဖြစ်သွားတယ်။ ကဏ္ဍ တွေအနေနဲ့ ကဗျာကို ရုပ်ရှင်ရိုက်ပြမယ်။
ကလေးတွေ အတွက် အန်နီးမေးရှင်း ကာတွန်းတွေပါမယ်။ Short Film တွေပါမယ်။ Essay တွေပါမယ်။ Docum-entary တွေပါမယ်။ ဒါတွေ အကုန်လုံးက မဂ္ဂဇင်းမှာလည်းပါတယ်။ Short Film ဆိုဝတ္ထုတို၊ Essay ဆိုဆောင်းပါး၊ Documentary ဆိုတာက အခန်းဆက် ဝတ္ထုလို ဟာမျိုးတွေ ပါမယ်။ ဒါ့အပြင် အင်တာဗျူးတွေပါမယ်။
အင်တာဗျူး ဆိုလည်း လူတိုင်းမြင်နေတဲ့ ပုံစံမျိုးမဟုတ်ဘဲ တကယ် အဖြစ်မှန်ကို ခံစားနေတဲ့ လူတွေအကြောင်းကို ရိုက်ကူးချင် တယ်။ သရော်စာ ပုံစံမျိုးတွေပါမယ်။
ပြက်လုံးကို ပါးစပ်ကပြောစရာမလိုဘဲ မြင်တွေ့နိုင်မယ့် ဟာမျိုးတွေလုပ်ဖို့ စီစဉ်ထားတယ်။ အကုန်လုံးက သူ့ဘာသာလုပ်နေကြပါပြီ။ ဒီအခွေလေးက မဂ္ဂဇင်းမှာဆို မာတိကာ၊ အခွေမှာတော့ Menu ပုံစံမျိုး စနစ်တကျ ဖန်တီးထားတယ်။ အခုဆိုရင် မြန်မာ နိုင်ငံမှာလည်း ရုပ်သံလိုင်းတွေ တော်တော် များနေပြီ။ Making DVD အခွေတွေ လည်းလုပ်လာကြတယ်။
အဲဒီ ၂ မျိုး စလုံးမှာလည်း သူ့အစီအစဉ်တွေနဲ့သူ အသားကျနေကြတယ်။ အဲဒီထဲမှာ မပါတဲ့ အစီအစဉ် သစ်တွေ ဒီအခွေမှာ ကြည့်ရမယ်။ သူများနဲ့မတူတဲ့ ရှုထောင့်ကနေ လုပ်သွားမှာပါ။ အခွေကို ၈လပိုင်း လောက် ဖြန့်ချိနိုင်အောင် ကြိုးစားနေကြတယ်။ ပရိသတ်လက် ထဲ မြန်မြန်ရောက်အောင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မြို့နယ်တွေကနေ ဖြန့်ဖို့စီစဉ်ထားတယ်။ တစ်လတစ် ကြိမ်အခွေ ဖြန့်ဖို့စီစဉ် ထားတယ်” လို့ပြောပါ တယ်။
www.yoyarlay.com/index.php






Kuala Lumpur Time
0 comments:
Post a Comment