http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

22 May 2012

ဓာတ် အားပေး စက် ရုံနှစ် ရုံ တည်ဆောက် ပြီးပါ က နွေ ရာ သီ တိုင်း မီးပေးနိုင် ဖွယ် ရှိ

ဓာတ်အားပေး စက်ရုံနှစ်ရုံ တည်ဆောက်  ပြီးပါက  နွေရာသီတိုင်း မီးပေးနိုင် ဖွယ်ရှိရန်ကုန်တိုင်း ဒေသကြီး အတွင်း တောင်ကိုရီးယား နိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှုနှင့် တည်ဆောက် မည့် သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ် အားပေးစက်ရုံနှင့် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံ မှုဖြင့် တည်ဆောက် မည်ဖြစ်သော ကျောက် မီးသွေး ဓာတ်အားပေး စက်ရုံနှစ်ရုံ ပြီးစီး ပါက မြန်မာတစ်နိုင်ငံလုံး နွေရာသီ ရောက်တိုင်း၂၄နာရီ လျှပ်စစ်မီး ရရှိ မည်ဖြစ်ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအား ၀န်ကြီး ဌာနုဒုတိယ ၀န်ကြီး ဦးအောင်သန်းဦးက ယနေ့ ညနေ တွင် ကျင်းပပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြား သည်။
အချိန်ကြာမြင့်စွာ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်မှုကြောင့် နှစ်ရက်ကြာ စီတန်း လှည့်လည် ဆန္ဒပြမှုများ ဖြစ်ပွားနေသော မန္တလေးမြို့တော်တွင် လျှပ်စစ်မီးပြတ်တောက် မှုနှင့်ပတ်သက်ကာ မေလ ၂၁ ရက်(ယနေ့) တွင်တိုင်း ဒေသကြီး လျှပ်စစ်နှင့် စက်မှုရေးရာ ၀န်ကြီးနှင့် တိုင်း လျှပ်စစ် အင်ဂျင်နီယာ ဒေါ်အေးအေးမင်းတို့ အပါအ၀င် မန္တလေး မြို့ခံများ တက်ရောက်သည့် သတင်းစာရှင်းလင်း ပွဲတွင်အထက် ပါ အတိုင်း ပြောကြား သည်။
ရန်ကုန်တိုင်းဒေသကြီးရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံမှာ လာမည့် သုံးနှစ်အတွင်းနှင့် ကျောက်မီးသွေးစက်ရုံမှာ နောက် ၁ နှစ်အကြာတွင် တည်ဆောက် မှုပြီးစီးဖွယ်ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရ ဝန်ကြီး ဒေါက်တာမြင့်ကြူက ပြောကြားသည်။ မန္ဘလေးမြို့တော်တွင် လျှပ်စစ်မီးပြတ်တောက် မှုကြောင့် မြို့ခံ အများအပြားမှာ မေလ ၂၁ (ယနေ့)တွင်ပါ ငြိမ်းချမ်းစွာ ဆက်လက် ဆန္ဒပြလျက်ရှိသည်။
မန္တလေးမြို့တော်တွင် မြို့ခံများ စတင်ဆန္ဒပြခဲ့သည့် မေလ ၂၀ ရက်နေ့တွင် ၇၈ လမ်းမှ ၂၆ လမ်းဆုံအထိ လျှပ်စစ်မီးများ လင်းထိန်နေသည် ကို တွေ့ရပြီး မေလ ၂၁ ရက်(ယနေ့)တွင်မူ ၇၃ လမ်းမှ ၂၆x ၆၉ လမ်းအထိ လျှပ်စစ်မီးများ ပြတ်တောက်လျက်ရှိကြောင်း မြို့ခံများထံမှ သိရသည်။ 
www.yoyarlay.com/index.php/l

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif