လျှပ်စစ်မီး အချိန်ပြည့် ရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒပြဦးဆောင် လှုပ်ရှားသူ အဖွဲ့မှ အဖွဲ့ဝင် တစ်ဦးကို မန္တလေးတိုင်း ရဲမင်းကြီးက ယနေ့ည ၈ နာရီ ၄၅ မီနစ်ခန့်တွင် တွေ့ဆုံ၍ တရားမ၀င်သော လူထုစုစည်းမှု ဖြစ်သဖြင့် ဆက်လက်ပြုလုပ်ခြင်းမပြုလုပ်ရန် တားမြစ်ခဲ့ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။၎င်းတို့အနေနှင့် မန္တလေးတွင် အမှန်တကယ်ရင်ဆိုင်နေရသော ဒုက္ခကို အေးချမ်းစွာဖော်ထုတ်ခြင်းဖြစ်ပြီး ဆန္ဒပြနေခြင်းမဟုတ်ဘဲ သတ်မှတ်ထားသည့် အချိန် တစ်နာရီ မပြည့်မချင်း ရပ်ဆိုင်းပေးမည် မဟုတ်ကြောင်း ပြည်လည်ပြောဆိုခဲ့ကြောင်း သွားရောက်တွေ့ဆုံခဲ့သူက ပြောဆိုသည်။ ည ၁၀ နာရီအချိန်ခန့်အထိ ယင်းလှုပ်ရှားမှု ဆက်လက်ပြုလုပ်နေဆဲဖြစ်ပြီး ၂၆ လမ်းနှင့် ၇၈ လမ်းထောင့်တွင် လူထောင်ချီ ဆက်လက် ဆန္ဒဖော်ထုတ်ဆဲဖြစ်ကြောင်း မန္တလေး ဒေသခံတစ်ဦးက The Voice Weekly သို့ပြောကြားသည်။
www.yoyarlay.com/index.php/local-news






Kuala Lumpur Time
0 comments:
Post a Comment