မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ငှားရမ်း အသုံးပြုခွင့် ပေးထားသည့် မိုဘိုင်းလ် ဖုန်းများ အားလုံး ဝယ်ယူရာတွင် ဖောင်ဖြည့်ခြင်း၊ ဓာတ်ပုံကပ်ခြင်း စသည်ဖြင့် စာချုပ် ချုပ်ရသည့် စနစ်ကို ဖျက်သိမ်းကာ မှတ်ပုံတင်နှင့် ဝယ်ယူသည့် ဖုန်းနံပါတ် အစရှိသည့် အချက်အလက် များကို Scan ဖတ်ပြီး ချက်ချင်း သိမ်းဆည်းသည့် စနစ်ကို ပြောင်းလဲ ကျင့်သုံး မည်ဖြစ်ကြောင်း မိုဘိုင်းလ်အင်ဂျင်နီယာချုပ် ဦးသိန်းဝင်း က ပြောကြားသည်။မေလ ၃ ရက်နေ့တွင် ပုစွန်တောင်ရှိ မြန်မာ့ ဆက်သွယ်ရေး သင်တန်းကျောင်း တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ အပြီးတွင် The Voice Weekly ၏ မေးမြန်း ရာတွင် မိုဘိုင်းလ် အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ယခုကဲ့သို့ ပြန်လည်ပြောကြားခဲ့ခြင်းဖြစ်သည်။
ဖုန်းဝယ်ယူရာတွင် ပိုမိုလျင်မြန်လာစေရန် ယင်းစနစ်ပြောင်းလဲကျင့်သုံးမည်ဖြစ်ပြီး လတ်တလောတွင် ယင်း စနစ်အသုံးပြုနိုင်ရန် နည်းပညာများစီစဉ်လျက်ရှိပြီး လာမည့် ခြောက်လအတွင်း စတင်အသုံးပြုမည်ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။
ကျပ်နှစ်သိန်းဖြင့် GSM ဖုန်းများကို ဧပြီ ၉ ရက်နေ့မှ စတင်ကာ ရောင်းချစဉ်က E-lite ဖုန်းဆိုင်းများတွင် ဝယ် ယူသူများ တိုးကြိတ်နေရပြီး ဝယ်ယူရာတွင် ဖုန်းစာချုပ် ဖြည့်ရသည်မှာ အချိန်အကြာဆုံး ဖြစ်သဖြင့် နောက်ပိုင်းတွင် ဖုန်းအရင် ရောင်းပေးပြီး တစ်ပတ်အကြာမှ ဖုန်းစာချုပ်ချုပ်သည့်စနစ်ကို ပြောင်းလဲ ကျင့်သုံး ခဲ့ရကြောင်း E-lite မှ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းခင်မောင်အေးက ပြောကြားခဲ့သည်။
www.yoyarlay.com/science-tech/science-tech/mobile/26027-2012-05-14-05-48-16






Kuala Lumpur Time
0 comments:
Post a Comment