 Love  is not for keejoing but for giving to someone.“ အချစ်ဆိုတာ  သိမ်းဆည်းထားရန် မဟုတ် တစ်စုံတစ်ယောက်ကို ပေးလိုက်ဖို့ပါပဲ” အချစ်ဟာ  အမြဲတမ်း ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့  အရာပါ။ လူသားတွေဟာ အချစ်ကြောင့်  ပျော်ရွှင်ကြရတယ်။ အချစ်ကြောင့် ဝမ်းနည်းကြရတယ်။
Love  is not for keejoing but for giving to someone.“ အချစ်ဆိုတာ  သိမ်းဆည်းထားရန် မဟုတ် တစ်စုံတစ်ယောက်ကို ပေးလိုက်ဖို့ပါပဲ” အချစ်ဟာ  အမြဲတမ်း ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့  အရာပါ။ လူသားတွေဟာ အချစ်ကြောင့်  ပျော်ရွှင်ကြရတယ်။ အချစ်ကြောင့် ဝမ်းနည်းကြရတယ်။ အချစ်ကြောင့် နီးစပ်ကြရတယ်။ အချစ်ကြောင့်  ဝေးကွာကြရတယ်။ အချစ်ဇာတ်လမ်းတွေကလည်း တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။  ခေတ်အဆက်ဆက်မှာ အချစ်ဟာ ဘယ်တော့မှ မရပ်တန့်တဲ့ မြစ်တစ်စင်းလို  စီးဆင်းနေဆဲပါပဲ။ လူသားတွေ မွေးဖွားလာကြတယ်။ သေဆုံးသွားကြတယ်။ ဒါပေမဲ့  အချစ်ကတော့ ရှင်သန်နေမှာ ယုံမှားသံသယ ရှိစရာ မလိုပါဘူး။
 လူ့ယဉ်ကျေးမှုကို ပိုပြီးမြင့်မားလာစေတာကလည်း  အချစ်ပါပဲ။ အချိန်တန် အရွယ်ရောက်ရင် ချစ်တဲ့သူကို ရှာတွေ့တာဟာ လူ့သဘာဝပါ။  စိုင်းထီးဆိုင်ရဲ့ သီချင်းထဲကလိုပေါ့ . . . “ပျံသန်းမယ့် ငှက်ကို  သူတို့မို့ ထားချင်တာ ရွှေလှောင်အိမ်မှာ ပျော်လို့မရပါ” တဲ့။ ကိုယ့်အတွက်  အနစ်နာခံတဲ့ ချစ်ခင်ယုယတတ်တဲ့ ချစ်သူဖြစ်ဖို့ပဲ လိုပါတယ်။ No one is  perfect ဆိုတဲ့ စကားအတိုင်းပဲ လောကမှာ ခြောက်ပစ်ကင်း သဲလဲစင်ဖြစ်တဲ့  သူကတော့ ရှားတာပေါ့လေ။ 
ကိုယ့်ချစ်သူက ပညာတတ်တယ်။ စိတ်ရင်းသဘောထား  ကောင်းမွန်တယ်ဆိုရင် ရုပ်သိပ်မချောတာကိုတော့ နားလည်ပေးရမှာပေါ့။  “လှတာမက်ရင် ညစာခက်” ဆိုတဲ့ စကားလည်း ရှိသားပဲလေ။ ပိုက်ဆံသိပ်မချမ်းသာရင်  နေပါစေ။ ကိုယ့်ချစ်သူမှာ အလုပ်အကိုင် မယ်မယ်ရရ ရှိမယ်။ အသောက်အစား၊  လောင်းကစားကင်းရှင်းရင် လက်ခံရမှာပေါ့။ 
လူတိုင်းမှာ အားသာချက်နဲ့ အားနည်းချက်ဆိုတာ  ရှိစမြဲမဟုတ်လား။ တချို့ မိဘတွေ ရှိပါတယ်။ အရာရာကို ပေတံကြီးနဲ့  တိုင်းတတ်ကြတာလေ။ ကိုယ့်သမီးကို ဟိုလူနဲ့တော့ သဘောမတူဘူး ဆင်းရဲလို့  ဒီလူနဲ့တော့ သဘောမတူဘူး ရုပ်မချောလို့ အဓိကကျတဲ့ စိတ်ရင်း သဘော ကောင်းတာ၊  ရိုးသားတာတွေကို မကြည့်ကြဘူးလေ။
ဒီလိုနဲ့ ချေးများရင်းနဲ့ပဲ ကိုယ့်သမီးက တွေ့ကရာလူနဲ့ ကြိုက်ပြီး ခိုးရာလိုက်ပြေးတဲ့ ဇာတ်လမ်းတွေ ဖြစ်လာတော့တာပါပဲ။ အနာဂတ်ဆိုတာကို ဘယ်သူမှ တိတိကျကျ မခန့်မှန်းနိုင်ကြပါဘူး။ လက်ရှိ ပစ္စုပ္ပန်ကိုပဲ အကောင်းဆုံးဖြစ်အောင် တည်ဆောက်ယူရမှာပါ။ ဒီကနေ့ ဆင်းရဲနေပေမယ့် ကြိုးစားရင် အနာဂတ်မှာ ချမ်းသာလာနိုင်ပါတယ်။
ဒီလိုနဲ့ ချေးများရင်းနဲ့ပဲ ကိုယ့်သမီးက တွေ့ကရာလူနဲ့ ကြိုက်ပြီး ခိုးရာလိုက်ပြေးတဲ့ ဇာတ်လမ်းတွေ ဖြစ်လာတော့တာပါပဲ။ အနာဂတ်ဆိုတာကို ဘယ်သူမှ တိတိကျကျ မခန့်မှန်းနိုင်ကြပါဘူး။ လက်ရှိ ပစ္စုပ္ပန်ကိုပဲ အကောင်းဆုံးဖြစ်အောင် တည်ဆောက်ယူရမှာပါ။ ဒီကနေ့ ဆင်းရဲနေပေမယ့် ကြိုးစားရင် အနာဂတ်မှာ ချမ်းသာလာနိုင်ပါတယ်။
ဒါကြောင့် ချစ်သူရွေးရာမှာ ငွေကြေးတစ်ခုတည်း  အပေါ်မှာ မူတည်ပြီး မစဉ်းစားသင့်ပါဘူး။ ချစ်ခြင်း၊ ကြင်နာခြင်း၊ နားလည်မှု၊  ရိုးသားမှု၊ သစ္စာတရားတို့ဟာ ငွေကြေးထက်ပိုပြီး တန်ဖိုးကြီးမားတဲ့ အရာတွေပါ။  တချို့ကတော့ အခြေအနေ မတူလို့ဆိုပြီး ကိုယ့်အချစ်ကို ဖွင့်ဟမပြောတဲ့သူတွေ  ရှိပါတယ်။ ဒါဟာမှန်တယ်လို့ ထင်ရပေမယ့် တကယ်တော့ မမှန်ပါဘူး။  အချစ်ဟာရင်ထဲမှာ သော့ခတ်ပြီး သိမ်းထားရမယ့် အရာမဟုတ်ပါဘူး။  တစ်စုံတစ်ယောက်ကို ချစ်နေမိပြီဆိုရင် ကိုယ့်အချစ်ကို သူသိအောင်  ဖွင့်ပြောရပါမယ်။ အခုခေတ်က ရည်းစားစာပေးရမယ့် ခေတ်လည်း မဟုတ်တော့ဘူးလေ။  ကိုယ့်အချစ်ကို ဖွင့်ဟဖို့ နည်းလမ်းမျိုးစုံ ရှိနေတာကိုး။ မိန်းကလေးတွေကို  ကြုံကြိုက်လို့ တစ်ခုလောက်ပြောချင်ပါတယ်။ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်း  စဉ်လာအရ မိန်းကလေးတွေအနေနဲ့ ယောက်ျားလေးတွေကိုစပြီး ချစ်တဲ့အကြောင်း  မပြောရပါဘူး။ အခုကျတော့ ကိုရီးယား ဇာတ်လမ်းတွဲတွေကြည့်ပြီး အတုခိုးတတ်လာတာက  မိန်းကလေးကစပြီး ချစ်စကား ပြောလာတာပါပဲ။ အထူးသဖြင့် ဆယ်ကျော်သက်  မိန်းကလေးတွေအနေနဲ့ ပိုပြီးဆင်ခြင်ဖို့ လိုပါတယ်။ ကိုရီးယားနဲ့  မြန်မာဟာယဉ်ကျေးမှုချင်း မတူညီကြပါဘူး။
မိန်းကလေးဆိုတာ စောင့်စားရသူပါ။ ကိုယ့်ကို ချစ်တယ်လို့ ပြောလာသူတွေထဲက အကောင်းဆုံးဖြစ်မယ် ထင်တဲ့သူကို ရွေးချယ်ခွင့် ရှိသူပါ။ ဒီအခွင့်အရေးကို မှန်မှန်ကန်ကန် အသုံးချတတ်ဖို့ လိုအပ်ပါတယ်။ တစ်ခါက တကယ့်အဖြစ်မှန် ဇာတ်လမ်းလေးကိုလည်း သွား သတိရမိပါတယ်။
မိန်းကလေးဆိုတာ စောင့်စားရသူပါ။ ကိုယ့်ကို ချစ်တယ်လို့ ပြောလာသူတွေထဲက အကောင်းဆုံးဖြစ်မယ် ထင်တဲ့သူကို ရွေးချယ်ခွင့် ရှိသူပါ။ ဒီအခွင့်အရေးကို မှန်မှန်ကန်ကန် အသုံးချတတ်ဖို့ လိုအပ်ပါတယ်။ တစ်ခါက တကယ့်အဖြစ်မှန် ဇာတ်လမ်းလေးကိုလည်း သွား သတိရမိပါတယ်။
ကောင်လေးက နာမည် အသင့်အတင့်ရတဲ့ ပန်းချီဆရာပါ။  တစ်ကိုယ်တော် ပြပွဲတောင် ပြုလုပ်နိုင်ခဲ့သူဆိုပါတော့။ သူချစ်မိသွားသူက  အဆိုတော် တစ်ယောက်ပါ။ အဲဒီအဆိုတော်က နာမည်ရ ရော့ခ် အမျိုးသမီး အဆိုတော်  တစ်ယောက်ပေါ့။ သူတို့နှစ်ယောက်ကြားမှာ “ခင်မင်မှု” လည်းရှိပါတယ်။ ဒါပေမဲ့  ပန်းချီဆရာက တကယ့်ကို လျှို့ဝှက်တဲ့ သူတစ်ယောက်ပေါ့။ 
သူက သူ့ခံစားချက်တွေကို ဒိုင်ယာရီထဲမှာပဲ  စာရေးဆရာ တစ်ယောက်လို စီကာပတ်ကုံး ရေးထားပါတယ်။ တစ်ရက်မှာတော့ သူက  အဲဒီဒိုင်ယာရီကို ကျွန်မကို ပေးဖတ်ပါတယ်။ သူ့ရေးသားချက်တွေ အရ သူဟာ တကယ့်  မေတ္တာစစ်နဲ့ ချစ်နေတယ်ဆိုတာ သိသာနေပါတယ်။ သူက အဆိုတော် ကောင်မလေးကို  “ငှက်ကလေး” လို့ ရည်ညွှန်းထားပါတယ်။ 
ကျွန်မက ဘာလို့ ဖွင့်မပြောရတာလဲလို့ မေးတော့  “ဒီအတိုင်းပဲ အချစ်ကို သိမ်းထားတာက ကောင်းပါတယ်” တဲ့။ ဒီလိုနဲ့ဝေဒနာကို  မျိုသိပ်ရင်း သူ့ကျန်းမာရေးက ဆိုးဝါးလာခဲ့ပါတယ်။ နောက်ဆုံးအချိန်အထိ  သူ့အချစ်ကို ထုတ်ဖော်မပြောခဲ့ဘဲ လောကကြီးကနေ ထွက်ခွာ သွားပါတော့တယ်။  သူနောက်ဆုံး အနုပညာ လက်ရာတွေမှာလည်း သူ့ဝေဒနာတွေ ထင်ဟပ်နေပါတယ်။ 
တကယ်လို့ သူ့အချစ်ကိုသာ ထုတ်ဖော်ခဲ့ရင်အဖြေက  တစ်မျိုးဖြစ်သွားမလား၊ လောကကြီးကနေ စောစောစီးစီး ထွက်ခွာချင်မှ  ထွက်ခွာရမှာလို့မချင့်မရဲ တွေးမိပါတယ်။ လူ့ဘဝဟာ တိုတောင်းပါတယ်။  အချစ်ရှိတဲ့ လူသားတိုင်းအတွက် အလိုအပ်ဆုံးက အချစ်ပါပဲ။ ဒါကြောင့်  အချစ်ဆိုတာ ရင်ထဲမှာ သိမ်းဆည်းထားဖို့ မဟုတ်ဘဲ ကိုယ်ချစ်တဲ့သူကို  ချစ်ခြင်းမေတ္တာတွေ ပေးလိုက်တာဟာ အကောင်းဆုံးပါပဲလို့ ပြောပါရစေလား။ 
www.yoyarlay.com 







 Kuala Lumpur Time
  Kuala Lumpur Time 
 
 
 
0 comments:
Post a Comment