http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

14 May 2012

အ ချစ်ရေး အကြောင်း ပွင့် ပွင့် လင်း လင်း ဖွင့် ဟ လာ တဲ့ ဝေ ဠုကျော် |

အချစ်ရေးအကြောင်း ပွင့်ပွင့်လင်းလင်းဖွင့်ဟလာတဲ့ ဝေဠုကျော်ဝေဠုကျော်က ရုပ်ရှင်အစည်းအရုံးကိစ္စ တွေမှာလည်း နိုင်တဲ့နေရာက အနည်း အကျဉ်းဆောင်ရွက်နေသလို ဗိုလ်ချုပ်ဇာတ် ကားဖြစ်မြောက်ရေးမှာလည်း သရုပ်ဆောင် ရွေးချယ်ရေး အဖွဲ့ မှာ ဝင်ပြီးကူညီဆောင် ရွက်ပေးနေပါတယ်။NLDက ခေါ် ရင်လည်းသွားဖြစ်သလို၊ သွေးမေတ္တာ ပရဟိတအသင်းမှာလည်း ဒု-ဥက္ကဋ္ဌ အဖြစ်ဆောင် ရွက်နေပါတယ်။
ဇာတ် ကားရိုက်ကူးမှုတွေလည်း လုပ် နေတဲ့အတွက်အလုပ်တွေ ရှုပ်နေတဲ့ဝေဠုကျော် ကို လူပျိုကြီးဘဝက ဘယ်တော့ကျွတ် တာမြင်ရနိုင်မလဲဆိုတဲ့ အမေးကိုတော့..”မြန်မြန်ရှာ ပြီးပေး စားရင် တော့ဖြစ်သွား မှာ ပါ။ တွေ့လည်းတွေ့ ထားပါတယ်။ ပြောလည်း ပြောထားပါတယ်။ မသေ လည်း မသေချာသေးပါဘူး။ ဘာမှမသိရသေးပါဘူး။ ကျွန် တော်လည်းကြောက်လို့ထပ် မပြောရဲဘူး။ ဒီအရွယ်ရောက် မှ ရည်းစားစကားပြောရတာ ရှက်လို့ထပ်ပြီး မပြောရဲတော့ လို့ မပြောဘဲနေတာ” လို့ ပွင့် လင်းစွာ ပြောပါတယ်။
ရုပ်ရှင် ထဲမှာတော့ ချစ်သူကောင်မ လေးကို ချစ်စကားပြောရ တာဒါရိုက်တာသင်လို့ ပြောရတာဖြစ်တဲ့ အတွက်ရည်းစားစကားပြောရတာ လွယ် ကူပြီး တကယ့် အပြင်မှာတော့ ကိုယ့် ဘာသာ ကိုယ်ပြောရတာ မျက်နှာပူ ကြောင်းပြောတဲ့ ဝေဠုကျော်က”ဇာတ် ကားထဲမှာ ပြောတာလွယ်တယ်လေ။ ဒါရိုက်တာ သင်လို့ပြော တာလို့ ပြောရ တာပေါ့။ အခုကျတော့ အဲဒီလိုပြောလို့မရတော့ ဘူးလေ။ ကိုယ့်ဘာ သာကိုယ်ပြောရတာ ဆိုတော့ မျက်နှာပူ တာပေါ့၊၊အောင်သွယ် မရှိရင် မညားတော့တဲ့ အရွယ်ပါ။ အား လုံးဝိုင်းပြီး အောင် သွယ်ပေးကြပါလို့ အဲဒါ မှပဲ မိန်းမရတော့မှာ ပါ”လို့ပြောပါတယ်တွေ့ ထားတဲ့သူကအနုပညာရှင် ထဲကလား၊ပရိသတ် ထဲက လားဆိုတော့ ဝေဠုကျော် ကမပြောပြဘဲ လျှို့ဝှက် သွားခဲ့ပြီးပြောရင် အမှု ကြီးလွန်းအားကြီးလို့ပြော မပြသေးဘူးလို့ဆိုပါတယ်။ 
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif