http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

14 May 2012

မိချောင်း ဖြစ် သွား တဲ့ Rihanna




ကမ္ဘာကျော် အဆိုတော် Rihanna တယောက် သူမတူဘဲ မရိုးအောင်ဖန်းစားဖို့ အထူးအဆန်းတွေ တီထွင်ရင်းနဲ့ မိချောင်းမ လေး ဖြစ်သွားတာကို ဒီကနေ့ထုတ် The Sun အွန်လိုင်း သတင်းစာမှာ ဓာတ်ပုံနဲ့တကွ ဖော်ပြထားပါ တယ်။


Rihanna ဟာ သူ့ရဲ့ ဗလာဖြစ်နေတဲ့ ရင်သား အစုံမှာ မိချောင်း အရေခွံပုံစံ ရေးဆွဲပြီး သူ့ခန္ဓာကိုယ်မှာလည်း မိချောင်း တကောင်လို ဆင်ယင်ထားတာတွေရမှာပါ။ မိတ်ကပ် ပညာရှင်တယောက်ရဲ့ ပြင်ဆင်ပေးမှုနဲ့ ရေထဲ မှာ မိချောင်းခင်းပြပြီး Sexy သရုပ်ဆောင်နေတာက သူ့ရဲ့ နောက်ဆုံး ဗွီဒီယိုအတွက်လည်းဖြစ်ပါသတဲ့။



တကိုယ်တော် စီးရီး “Where Have You Been” ကလည်း အရမ်းကို ပေါက်လာတာ သတိထားမိနိုင်ပါတယ်။
သူ့ပရိတ်သတ်ကတော့ အခုလို မိချောင်းမလေး သဏ္ဍန်နဲ့ ပရိုမိုးရှင်းလုပ်တော့ ပိုအသည်းစွဲသွားကြမယ် ထင်ပါ တယ်။

Rihanna ဟာ သူချစ်ခင်လေးစားတဲ့ ဒီနှစ် ဂရမ်မီဆုရင် Adele အတွက် မွေးနေ့ကိတ်လက်ဆောင်ပို့ လိုက် ပါသေးတယ်။


အမြင်ရိုင်းတယ်လို့ တချို့ ပြောတဲ့ မွေးနေ့ကိတ်လည်း ဖြစ်ပါတယ်။

 
 www.irrawaddyblog.com/2012/05/rihanna.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif