
“ရေကန်ဘေးမှာက ကိုနေမင်းထိုင်နေတဲ့ မြက်တွေနားမှာ ကျွတ်တွေချည်းပဲ။ ကျွတ်တွေနဲ့ ရေထဲဆင်းဆိုတော့လည်း ဆင်းရတာပါပဲ။ အနုပညာ သမားတွေ ကတော့ ဒီလိုပဲ လုပ်ရတာပေါ့။ မလုပ်ခင်သာ ကြောက်တာ။ နောက်မု(ဒ်)ဝင်သွားတော့ လုပ်ကြတာပါပဲ။ ပထမတော့ တအား ကြောက်တယ်။ အပေါ်မှာလည်း ကျွတ်တွေနဲ့ ရေထဲကအကောင်တွေ ထွက်လာမှာလည်း ကြောက်တယ်။ ရေထဲမှာ မှော်တွေလည်း ရှိတယ်လေ။ ကြောက်တာမပေါ်အောင် လုပ်ရတာပေါ့။ ပျက်သွားရင် နောက်တစ်ခေါက် ပြန်ရိုက်မယ်ဆိုတော့ တစ်ခါတည်းပဲ ပီပီပြင်ပြင် လုပ်လိုက်တာ။ ကျွတ်တွေက ရိုက်ကွင်းကလူတွေ အကုန်လုံးကို တွယ်နေတာ။ အိမ်ပြန်တော့ ကားပေါ်တောင်မှ ပါလာတာ။ ဝိုင်းစုက အဲဒါမျိုး အမြဲတမ်းကြုံရတယ်။ ရေထဲဆင်းဟေ့ဆို ဝိုင်းစုခိုင်သိန်း အရင်ဆုံးသာ ဆင်းရပြီမှတ်ပဲ။ ကိုနေမင်းနဲ့က အဲဒီအတိုင်းပဲ။ နောက်ထပ် ကိုနေမင်းနဲ့ရိုက်ဖို့ လက်ကျန်ရှိသေးတယ်။ လှော်ကားမှာပဲ ရေထဲဆင်းရဦးမှာ” လို့ ပြောပြပါတယ်။ ဝိုင်းစုခိုင်သိန်းက ပြင်ဦးလွင်မှာ မြင့်မြတ်နဲ့ ဇာတ်ကား သွားရောက်ရိုက်ကူးနေပြီး ရှိုးပွဲတွေလည်း ဆိုဖြစ်မယ်လို့ ပြောပြပါတယ်။
www.yoyarlay.com
0 comments:
Post a Comment