သရုပ်ဆောင် ကောင်းခန့်ဟာ အနုပညာအလုပ်တွေကို ကြိုးစား ဆောင်ရွက်နေသူ တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေး လက်ခံမှုကို ရရှိနေသူလည်း ဖြစ်ပါတယ်။ ဒါကြောင့် သူသုံးစွဲနေတဲ့ Facebook Account အခိုးခံလိုက်ရတဲ့အတွက် သူရဲ့ စကားသံတွေကို ပြောပြရာမှာ-“ကျွန်တော် ၂၀၀၈ ခုနှစ် လောက်ကတည်းက သုံးလာခဲ့တဲ့ Facebook Account ကို မေလ ၁ ရက်နေ ညနေ ၃ နာရီလောက်က စပြီး Hack လုပ်တာ ခံလိုက်ရပါတယ်။ အဲဒီကစပြီး ကျွန်တော့် Facebook Account ထဲဝင်လို့ မရတဲ့အတွက် Foget Password လုပ်ပြီး gmail နဲ့ ပြန်စစ်လိုက်တော့ gmail ပါ Hack သွားတယ်။ ဒါနဲ့ ကျွန်တော်က Facebook Account သစ်လုပ်ပြီး Hack ခံလိုက်ရတဲ့ ကျွန်တော့် Account ကို Request လုပ်တော့ ချက်ချင်း Accept လုပ်ပေးတယ်။ ဒါနဲ့ ကျွန်တော်ကလည်း ငါ့ Account ကို ဘာလို့ ခိုးတာလဲမေးတော့ ချစ်လို့ခင်လို့ လုပ်တာပါလို့ သူက ပြန်ပြောတယ်။ ကျွန်တော် ပြန်တောင်းတော့ သူမေး တဲ့ မေးခွန်းသုံးခုကိုဖြေရင် ပြန်ပေးမယ်လို့ ပြောတယ်။ သူမေးတဲ့ မေးခွန်းတွေကလည်း ကလေးဆန်တဲ့ မေးခွန်းတွေ ဖြစ်တဲ့အတွက် ဒါလေးနဲ့ ပြန်ပေးမှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်။
ဒါကြောင့် သူမေးတဲ့ မေးခွန်းတွေကိုလည်း မဖြေတော့ဘူး။ နောက်ပြီး ကျွန်တော့် Account အသစ်ထဲမှာ ကျွန်တော်ရဲ့ Update ပုံတွေ တင်ထားတာကို သူက Copy လုပ်ပြီး ကျွန်တော်အခိုးခံလိုက်ရတဲ့ Account မှာ ပြန်တင်တယ်။ နောက်ပြီး ကျွန်တော်နဲ့ ကျွန်တော့်ပရိသတ်ကြားမှာ မပြောသင့်တဲ့ စကားတွေပြောတယ်။ နောက်အခြား နာမည်ကျော်ကြားသူတွေ ပုံတင်ပြီး သူတို့ကို ပုတ်ခတ်တဲ့ စာတွေရေးထားတယ်။ ပရိသတ်တွေကလည်း ဒီမင်းသား ဘာအရူးထနေသလဲ၊ တချို့ဆိုရင် ပုဂ္ဂိုလ်ရေး ထိခိုက်တာတွေလည်း ပါလာတယ်။ ဒါကြောင့် ကျွန်တော့် Facebook ကို အခု ခိုးထားတဲ့သူက သူ့အမှားသူသိပြီး ပြန်တောင်းပန်မယ် ဆိုရင်တော့ Welcome ပါပဲ။ ကျွန်တော့် Account အဟောင်းမှာရှိတဲ့ ပရိသတ်တွေ၊ သူငယ်ချင်းတွေကလည်း ဒါဟာ ကျွန်တော် မဟုတ်ဘူးဆိုတာ သိဖို့အရေးကြီးပါတယ်။ လက်ရှိမှာ ပရိသတ်ရဲ့ အားပေးမှုကို ပျက်စေတဲ့ အထင်မြင် လွဲမှားမှုတွေကို ခံနေရတယ်။ ဒါကြောင့် ကျွန်တော် ၂၀၀၈ လောက်ကတည်းက သုံးစွဲလာတဲ့ Account မှာ အခု ကျွန်တော် မဟုတ်တော့ဘူး၊ အဲဒီ Account ကို မေလ ၁ ရက်နေ့မှာ စပြီး Hack ခံလိုက်ရတာကို သိစေချင်ပါတယ်” ဟု ပြောကြားသည်။
www.yoyarlay.com






Kuala Lumpur Time
0 comments:
Post a Comment