
အမေရိကန် နိုင်ငံမှ ဝေဒနာရှင် ၁၁၄,ဝ၀ဝအပါအဝင် တစ်ကမ္ဘာလုံးမှ သန်းချီ ရှိသည့် ဝေဒနာရှင် များသည် ၄င်း တို့ အသက်ရှင်ရပ်တည်နိုင်မည့် နှလုံး၊ ကျောက်ကပ်နှင့် အသည်း များအစားထိုးကုသမှုခံယူရန်စောင့် ဆိုင်းနေကြသည်။
အဆိုပါ ခန္ဓာကိုယ် အစိတ်အပိုင်းများ အချိန်မီ မရရှိသဖြင့် နေ့စဉ်ပျမ်းမျှ လူနာ ပေါင်း ၁၈ယောက်မျှ သေဆုံးနေရသည်ဟု ဆိုသည်။ ခန္ဓာကိုယ် အစိတ်အပိုင်းများ လှူဒါန်း နိုင်ကြောင်းနှင့် ကုသိုလ်ပြု လှူဒါန်း လိုစိတ်များ တိုးတက်ပွားများလာလျှင် ယနေ့ တွေ့ကြုံနေရသည့် အကျပ် အ တည်းကို ကျော်လွှားနိုင်မည်ဟု ဆေးဘက် ဆိုင်ရာ ပညာရှင်များက ယုံကြည်ထားကြသည်။
Facebook မှအဆိုပါ feature ၌ လှူဒါန်းသူများ ၏ ဇာတိနှင့် လှူဒါန်းလိုစိတ်ပွား များလာကြောင်းတို့ကိုလည်း ဖော် ပြထားသည့် ဆက်သွယ်ရမည့်ဌာန များကိုလည်း ဖော်ပြထားသည်။ Facebook ကို တည်ထောင်သူ ဇူခါ ဘာ့ဂ်က နှလုံးရောဂါအထူးပြုဖြင့် တက်ရောက်နေသည့်၎င်း၏ချစ်သူ ဆေးကျောင်း သူပရိုင့်ဆီကချန်နှင့် ဆွေးနွေးခြင်းမှထွက်ပေါ်လာသည့်ရ လဒ်ဖြစ်ကြောင်းပြောကြားခဲ့သည်။
လစဉ် user ပေါင်း သန်း ၉၀ဝ မျှ အသုံးပြုနေသည့် Face-book ၏ ကြိုးပမ်းမှုကြောင့် အလှူရှင်များ တိုးပွားလာမည်ဟုယုံကြည်ကြောင်း ဆေးဘက်ဆိုင်ရာ ပညာရှင် များက ပြောကြားခဲ့သည်။
www.yoyarlay.com/
0 comments:
Post a Comment