“အခုလိုဆုံးဖြတ်လိုက်တဲ့အတွက် အရမ်းအရမ်းကိုပျော်ပါတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လုံးဝ အားရဝမ်းမြောက်မိပါတယ်”ဟု ဒေါက်တာဒီပုမိုနီ(Dr Dipu Moni)က ဥပဒေဆိုင်ရာခုံရုံး (International Tribunal for the Law of the Sea)မှ ခုံရုံးဆုံးဖြတ်ချက်ချအပြီး ထွက်လာစဉ် မီဒီယာများသို့ ပြောကြားခဲ့ကြောင်း ပြည်ပနိုင်ငံရုပ်သံသတင်းဌာနများမှ သိရှိရသည်။
ရေပြင်ပိုင်နက်ကိစ္စကို ဆုံးဖြတ်သည့် မတ်လ ၁၄ ရက်နေ့တွင် ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့ရှိ နိုင်ငံတကာ ပင်လယ်ရေပြင်ပိုင်နက် ဥပဒေဆိုင်ရာခုံရုံး (International Tribunal for the Law of the Sea)မှ ခုံရုံးဆုံးဖြတ်ချက်ချခြင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ကျေနပ်ကြောင်း နိုင်ငံတကာ မီဒီယာများသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
0 comments:
Post a Comment