http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

11 May 2012

အား က စား ကို ဘော လုံး ကန် တာ လုပ်ဖြစ် တယ် ကျော်ကျော် ဗို

ကျန်းးမာရေး အတွက် အားကစားကို ဘောလုံးကန်တာ လုပ်ဖြစ်တယ် ကျော်ကျော်ဗိုကျန်းမာရေး က လူတစ်ယောက် အတွက် အရမ်းကို အရေး ကြီးပါတယ်။ ကျန်းမာရေး ကောင်းမှလည်း စိတ်သွားတိုင်း ကိုယ်ပါ အလုပ် လုပ်နိုင် မှာလေ။ ကိုယ်ကလည်း ကျန်းမာရေး ထိခိုက် စေတာမျိုးတွေ ကိုတော့ ရှောင်တယ်။
နောက်ပြီး စာအုပ်တွေ လည်း ဖတ်တတ်ပါသေး တယ်။ ကိုယ်က ယောကျာ်းလေး လည်းဖြစ်တယ်။ အဲဒီတော့ အရက် တို့ဆေးလိပ်တို့ ဆိုတာလည်း တစ်ခါ တလေမှာသောက်မိတာတွေလည်း ရှိတယ်။ ဒါပေမဲ့ လျှော့တော့ သောက်ရတာပေါ့။
အဲဒါတွေက လည်း ဂရုစိုက် သင့်တယ်လို့ ထင်ပါ တယ်။ နယ်တွေ သွားရင်တော့ သေချာပိုပြီး ဂရုစိုက်ရတယ်။ ဘာလို့ လဲဆိုတော့ သွားလာရင်းနဲ့ နေမ ကောင်းဖြစ်ရင် အဆင်မပြေဘူး။ အစုံ ထည့်သွား ရတယ်။
နယ်က ပြန်လာရင်တော့ အနားယူလိုက် တယ်။ မိသားစုကိုလည်း အချိန်ပေး လိုက်တယ်။ ကျန်းမာရေး အတွက် အားက စားကို ဘောလုံး ကန်တာ လုပ်ဖြစ်တယ်။ ဘောလုံးကတော့ ငယ်ငယ် လေးကတည်းက ဝါသနာပါတယ်။
တခြားကတော့ လမ်းလျှောက်တာ တို့ပြေးတာတို့ကိုလည်းလုပ်တတ် တယ်။ ကိုယ့်အနုပညာ အလုပ်တွေ လည်း လုပ်နေတော့ Cosmetic ဆိုရင်လည်း သုံးရတယ်။ ယောကျာ်း လေးသုံးတဲ့ပစ္စည်းတွေကိုပဲအများ ဆုံးသုံးတယ်။ ရေမွှေးကတော့ Fresh ဖြစ်ပြီး ပေါ့ပါးတဲ့ အနံ့ မျိုးပါတာကို ပိုသုံးတယ်။
တအား ပြင်းရင်လည်း မကြိုက်ဘူး။ ဆံပင်စတိုင်ကတော့ ပုံသေလုပ် တဲ့ဆိုင်တော့မရှိပါဘူး။ အစားအသောက်နဲ့ ပတ်သက် ရင် တော့ ထမင်းဟင်းကို ပိုကြိုက်တယ်။ အသီးအနှံဆိုရင်လည်း တော်တော်များများကိုစားတယ်။
ကြေးမားတာမျိုး သိပ်မရှိဘူး။ ခန္ဓာ ကိုယ်အတွက်က တစ်မျိုးတည်း လိုအပ်တာမဟုတ်တဲ့အတွက် အားလုံးကိုမျှတအောင်စားရမယ် လေ။ အပြင်စာတွေ စားတာ ထက်အိမ်မှာစားရတာပိုကြိုက်တယ်။
တကယ်တော့ ကျန်းမာရေး ဆိုတာ လူတိုင်းက ဂရုစိုက်သင့်တယ် ထင်ပါတယ်။ ကိုယ်ကိုယ်တိုင် ဂရု စိုက်နိုင်မှ မိသားစုကိုလည်း စောင့် ရှောက်နိုင်မယ်လို့ ထင်တယ်။ အဲဒါ ကြောင့် အာလုံး ကျန်းမာ ပျော်ရွှင်ကြ ပါစေလို့ ဆုတောင်းပေးပါတယ်။  
www.yoyarlay.com

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif