http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

11 May 2012

စိတ် ညစ် ရင် ကော် ဖီ ဆိုင်တွေ သွား ထိုင် တယ် ဝတ်မှုံရွှေ ရည်


စိတ်ညစ်ရင် ကော်ဖီဆိုင်တွေ သွားထိုင်တယ် ဝတ်မှုံရွှေရည်ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားတွေ ဆက်တိုက် ရိုက်ပြီး အလုပ်တွေ ရှုပ်နေတဲ့ ဝတ်မှုံက အခု စီးပွားရေး အလုပ်တစ်ခုခုကိုပါ လုပ်ကိုင် တော့မယ်လို့ သတင်းစကားတွေ ကြားနေ ရတာကြောင့် ရိုက်ကွင်းမှာ ဆုံတုန်း မေး မြန်းကြည့်တဲ့အခါ . . . .
အခု ဇာတ်ကားတွေ ရိုက်နေတော့ ဇာတ်ကား တွေကို ရွေးချယ်ပြီး လက်ခံ ဖြစ်တာလား။
အင်းပေါ့။ ဇာတ်ကား ကျတော့ ရွေးပြီးတော့ ကိုယ်နဲ့ လိုက်မယ့် ဇာတ်လမ်း ရယ်၊ ကိုယ်လုပ်နိုင်မယ့် ဇာတ်မျိုးလေး တွေတော့ ရွေးပြီး ရိုက်ဖြစ်တယ်။ ကားရိုက် နားမယ့် အချိန်တွေ၊ နောက် ဒါရိုက်တာနဲ့ ညှိပြီးတော့ ကြော်ငြာ လေးတွေရိုက်ဖြစ်တယ်။
အခုကားတွေလည်း တော်တော် များနေပြီနော်။
ဟုတ်တယ်။ တစ်ကားနဲ့ တစ်ကား ကာရိုက်တာတော့မထပ် သေးပါဘူး။ ကိုယ်ကတော့ အချစ်ကားလေးတွေ ရိုက်ချင်တယ်။ နောက် ခပ်ဆိုးဆိုး၊ ဂျစ်ကန်ကန် ကောင်မလေး ပုံစံမျိုးလည်း ရိုက်ချင်တယ်။ မရိုက်ဖူးသေးတဲ့ ယောကျာ်းလျာ ပုံစံလည်း ရိုက်ချင်တယ်။ နောက်ပိုင်းတော့ ကာရိုက်တာတွေပိုစုံလာမယ်ထင်ပါတယ်။
ဂျစ်ကန်ကန် ပုံလေး ရိုက်ချင်တယ် ဆိုတော့ အပြင်မှာရော အဲဒီလို ပုံစံမျိုး ပဲလား။
မဟုတ်ပါဘူး။ အပြင်မှာတော့ မဆိုးဘူး။ အရမ်းလိမ္မာတာ။
ကိုယ်ချစ်ချင်တဲ့ သူကရော ဘယ်လိုပုံစံဖြစ်စေချင်လဲ။
အဲဒါမျိုးတော့မရှိပါဘူး။ အဓိကကတော့ ကိုယ့်ကိုနားလည်ရမှာပေါ့။
ညီမလေး အားကျတဲ့ အနုပညာရှင်တွေရှိရင် ပြောပါဦး။
မအူဝဲ၊ မထက်ကို ချစ်လည်း ချစ်တယ်။ အားလည်း ကျတယ်။ မခိုင်ကြီးကိုလည်း ကြိုက်တယ်။ ကိုယ့်ထက် စီနီယာကျတဲ့ သူတွေ အားလုံးကို သဘောကျ အတုယူ ပါတယ်။
တကယ်လို့စီးပွားရေးလုပ်ဖြစ်မယ်ဆိုရင်ဘယ်လိုလုပ်ချင်လဲ။
အခုကတော့ ဒီအနုပညာ အလုပ်ပဲပေါ့။ တကယ်လို့လုပ်ဖြစ်ရင် ကိုယ်ကလည်း အချိန်ပေးနိုင်တယ်။ ကိုယ်နဲ့လည်းလိုက်ဖက်မယ့် ပုံစံလေးပဲ လုပ်ဖြစ်မှာပေါ့။ အခု လောလော ဆယ်တော့ မသိသေးပါဘူး။ တစ်ခါတလေအလုပ်လုပ်ရင်းငြီးငွေ့သွားတာမျိုးရောရှိလား။ ငြီးငွေ့တာတော့မှရိပါဘူး။ တစ်ခါတလေ အလုပ်တွေ လုပ်နေရတာ သံပတ်ပေးထာတဲ့ အရုပ်လိုပါပဲ။ (ရယ်လျက်)
အောင်မြင် လာတဲ့အခါ စိတ်ညစ်စရာတွေ ကြုံလာရင် ဘယ်လို ဖြေရှင်းလဲ။
ကော်ဖီဆိုင်တွေ သွားထိုင်တယ်။ ပေါ့ပေါ့ပါးပါးပဲ လျှောက်သွားတယ်။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးသွားပြီး စိတ်ညစ်စရာတွေ ကိုဖြေလိုက်တယ်။ တစ်ခါတလေ အိမ်မှာ အိပ်လိုက်တယ်။ ရှုတင်မှာ လည်း ကိုယ့်အခန်းမပါလို့အိပ်ရင်လည်း စိတ်ညစ်တာပျောက်တယ်။
ပရိသတ်တွေ အတွက် ဝတ်မှုံရဲ့အမှတ်တရ စကားလေး-
အခုလည်း ပရိသတ် ကြိုက်မယ် ထင်တဲ့ ကားတွေရိုက်ထားပါ တယ်။ အားပေးဖို့လည်းမျှော်လင့်ပါတယ်။ ကြော်ငြာတွေနဲ့ပတ်သက် ပြီးလည်း အားပေးဖို့ ပြောချင် ပါတယ်။ 
http://www.yoyarlay.com/entertainment/entertainment/interview/25962-2012-05-11-08-09-41

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif