http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif
ကျနော်ဘလောလေးကိုယ်သတင်းတွေလာရောက်ဖတ်ရှုအားပေးကြတဲ့မိတ်ဆွေသူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ

25 Jan 2013

ဆုများ လက်ခံရန် နိုင်ငံခြားခရီးထွက်ခွာ



 ယနေ့ နံနက်က ပြည်ပခရီးထွက်ခွာသွားသော ဒေါ်အောင်ဆန်းစုကြည် ၊ ဓာတ်ပုံ- NLD 
 
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဟာ Rotary Global Peace မှ ချီးမြှင့်အပ်နှင်းမည့် ငြိမ်းချမ်း ရေး ဆု လက်ခံယူရန် အမေရိကန်ပြည်ထောင် စု၊ ဟာဝိုင် အီကျွန်းသို့ ယနေ့ ဇန်န၀ါရီလ ၂၄ နံနက်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထွက်ခွာသွားပါပြီ။

ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဟာဝိုင်အီကျွန်း၊ ဟိုနိုလူလူ၌ ကျင်းပမည့် Rotary Global Peace Forum တွင် မိန့်ခွန်းပြောကြားမှာ ဖြစ်ကြောင်း၊ သူ၏ အကြမ်းမဖက် လှုပ်ရှားမှုများနှင့် လူ့အခွင့်အရေးဆိုင်ရာ ဆောင်ရွက် မှုများနှင့် ပတ်သက်ပြီး ဂုဏ်ပြု ချီးမြှင့်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ 

Rotary သည် ကမ္ဘာလုံးဆိုင်ရာ လူ့အဖွဲ့အစည်း တခု ဖြစ်ပြီး အဖွဲ့ဝင် ၁.၂ သန်းကျော် ရှိသည်။ ထို့နောက် တောင်ကိုရီယားနိုင်ငံကိုလည်း ဆက်လက် ခရီးဆက်မှာဖြစ်ပါတယ်။ 

တောင်ကိုရီးယားနိုင်ငံ မြိ့တော် ဆိုးလ်မြို့တော်ဝန်နှင့် ၂၉ ရက်နေ့တွင်တွေ့ဆုံရန် ရှိပြီး မကြာမီ က ရွေး
ကောက် တင်မြှောက် ခံရတဲ့ အမျိုးသမီး သမ္မတသစ် မစ္စ ပက် ဂွမ်ဟီးတို့နဲ့လည်း တွေ့ဆုံသွားဖို့ ရှိပါတယ်။ 

ဇန်န၀ါရီလ ၃၀ ရက်နေ့မှာ ဖြောင်ချမ်းမှာ ကျင်းပမယ့် ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲ သို့ တက်ရောက်မိန့်ခွန်းပြောမှာဖြစ်ပါတယ်။ 

ဒီအပြင် ၁၉၈၀ ခုနှစ် တောင်ကိုရီယားနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှုတွင်ကျဆုံးသွားသူများအား ဂုဏ်ပြုရန် အတွက် ကွမ်ဂျူး သုဿန်သို့ ၃၁ ရက်နေ့မှာ သွားရောက်မှဖြစ်ပြီး ၂၀၀၄ ခုနှစ်ရ ရရှိထားတဲ့ ကွမ်ဂျူး လူ့အခွင့်အရေးဆု ကို လက်ခံရယူမှာဖြစ်ပါတယ်။ 

ထို့နောက်ဆိုးလ်မြို့ကို ပြန်လာပြီး တောင်ကိုရီယားလွှတ်တော်ကိုလေ့လာမှာဖြစ်ပြီးလွှတ်တော် ဥက္ကဌနဲ့ လည်း တွေ့ဆုံဖို့ ရှိပါတယ်။ 

ဆိုးလ်မြို့မှာ မြန်မာအသိုင်းအ၀ိုင်းနဲ့လည်းတွေ့ဆုံရန် ရှိပြီး ဆိုးလ်တက္ကသိုလ် က ချီးမြင့်တဲ့ ဂုဏ်ထူး 
ဆောင် ဒေါက်တာဘွဲ့ကို လက်ခံကာ ဆိုးလ်တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများကိုလည်း စကားပြော ဖို့ ရှိကြောင်း တောင် ကိုရီယား အခြေစိုက် NLD (LA) သတင်းထုတ်ပြန်မှုအရ သိရပါတယ်။ 
http://blog.irrawaddy.org/2013/01/blog-post_6749.html

0 comments:

Post a Comment

http://api.ning.com/files/eoCpmuB3MmV7zrkygpgbV2UFBU7HkfDZWIxrhTnIGdvK*JZUBGsh5SavT88gYAk-IZ96U6xspEaGCBaNzb87akWisW0d4zlW/nayzaw0141.gif